23Sep, 2016

အသိပေးကြော်ငြာခြင်း

By: | Tags:

အမေရိကန်၊ ထိုင်ဝမ်၊ စင်္ကာပူနိုင်ငံတို့မှ ဆရာဝန်ကြီးများဦးဆောင်သည့် BEST HEALTH MYANMAR CARDIOVASCULAR GROUP မှ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါအမျိုးမျိုး ကို (27-9-2016) ရက်နေ့ တစ်ရက်တည်းသာ လာရောက်စစ်ဆေးပေးမည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။
READ MORE

28Jul, 2014

မိခင်နို့အောင်မြင်စွာတိုက်ကျွေးရေး သိမှတ်ဖွယ်ရာပညာပေး (၂)

By: | Tags:

– မွေးပြီး စောနိုင်သမျှစောစွာ နာရီဝက်/ တစ်နာရီအတွင်း မိခင်နို့ကို စတင်တိုက်ကျွေးပါ။ – နေ့ရောညပါ ကလေးဆာတိုင်း မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပါ။ – မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးသော ကလေးသည် မိခင်နို့မှ ရေဓါတ်အလုံအလောက် ရရှိပါသဖြင့် ပူအိုက်သော ရာသီတွင်ပင် ရေတိုက်ရန် မလိုပါ။ – မိခင်နို့ တစ်မျိုးတည်း စို့နေသောကလေး ရေလုံလောက်မှုရှိမရှိကို တစ်နေ့ အကြိမ်မည်မျှ ဆီးသွားသည်ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ တစ်ရက် (၂၄)နာရီအတွင်း ဆီး(၆)ကြိမ်နှင့်အထက် သွားက ရေနှင့် အစာပါလုံလောက်ကြောင်း ပြဆိုပါသည်။ – မွေးစ အနည်းငယ်သာထွက်သော နို့ဦးရည်သည် ကလေး၏အာဟာရ လိုအပ်ချက် ကွက်တိဖြစ်ပါသဖြင့် မိခင်နို့မထွက်သေးဟု သုံးသပ်ကာ တခြားဖြည့်စွက်နို့များ တိုက်ကျွေးခြင်းမပြုသင့်ပါ။ မှတ်ရန် ——– – မွေးပြီး (၂)ရက်ခန့် ကြာလျှင် မိခင်နို့များ လှိုင်လှိုင်ထွက်လာမည်။ မိခင်နို့၏ သဘောသည် ကလေးစို့မှ များများထွက်သည်။ – ကလေးသည် အခြားနို့များ စို့ထား၍ ဗိုက်ပြည့်နေလျှင် မိခင်နို့ကို အစို့နည်းမည်။ – နို့စို့နည်းက နို့ထွက်နည်းမည်။ – ကလေးနှင့် (၃-၄)နာရီကြာ ခွဲခွါနေရလျှင် နို့ထွက်မကျဆင်းစေရန် ကလေးစို့သည့်အလား နို့များကို လက်ဖြင့် ညှစ်ထုတ်ပစ်ပါ။ – နို့ရည်လှိုင်လှိုင်မထွက်မီ မိခင်နို့စို့သည့် အကြိမ်တိုင်းတွင် သားမြတ်နှစ်ဖက်လုံးကို စို့စေပါ။ – နို့ရည်လှိုင်လှိုင်ထွက်လာသောအခါ သားမြတ်တစ်ဖက်တည်းကို […]
READ MORE

28Jul, 2014

သွေးကြောများထဲ သွေးမခဲစေရန် စားသင့်သည့် အစားအသောက်များ

By: | Tags:

သကြားပါဝင်မှုများသော အချိုရည်များ သောက်သုံးမှုကြောင့်ကမ္ဘာတစ်ဝန်း တစ်နှစ်လျှင် လူပေါင်း ၁၈၀,၀၀၀ သေဆုံးနေပြီး၎င်းတို့အနက် လူပေါင်း ၄၅၀၀၀ ခန့်မှာ နှလုံးရောဂါကြောင့် သေဆုံးသူများ ဖြစ်သည်။ အချိုရည်များစွာသောက်ခြင်းကြောင့် ကိုယ်အလေးချိန်တိုးလာနိုင်ပြီး ဆီးချိုရောဂါဖြစ်လာနိုင်ကာ နှလုံးသွေးကြော ပိတ်ဆို့မှုများဖြစ်ပေါ်နိုင်သည်။ နှလုံးအတွက် ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများများ စားပေးရန် လိုအပ်သည်။ အစိမ်းရောင် ဟင်းရွက်များဖြစ်သည့် ဆလတ်ရွတ်၊ ကိုက်လန်ရွက်၊ ဗီတွတ်ပင်၊ ဒေါက်ခွရွက်နှင့် အခြားဟင်းရွက်များတွင် နိုက်ထရိတ်ဓာတ် ကြွယ်ဝစွာပါဝင်သည်။ အစာချေဖျက်မှုအတွင်း ယင်းဒြပ်ပေါင်းမှာ အရေးပါသော ဓာတ်ငွေ့ဖြစ်သည့် နိုက်ထရိတ်အက်စစ်အဖြစ် ပြောင်းလဲသွားပြီး ယင်းအက်စစ်က သွေးကြောကျဉ်းခြင်း၊ သွေးခဲခြင်းများ ဖြစ်ပေါ်ခြင်းတို့ကို ကာကွယ်ပေးသဖြင့် လေဖြတ်ခြင်းနှင့် နှလုံးရောဂါတို့ မဖြစ်ပေါ်စေရန် ကာကွယ်ပေးသည်။ နိုက်ထရိတ်ဓာတ်ကြွယ်ဝသော ဆလတ်ရွက်ကဲ့သို့ ဟင်းရွက်မျိုးကို စားပေးသူများ သွေးတိုးကျကြောင်း သုတေသီများ လေ့လာတွေ့ရှိ ခဲ့သည်။ သင်နေ့စဉ်စားသော အစားအသောက်များတွင် အစိမ်းရောင် အရွက်များများပါပါစေ။ သဘာဝဆေးဖက်ဝင် အပင်များနှင့် ဟင်းခတ်အမွှေးအကြိုင်များစွာမှာ ခန္ဓာကိုယ်အတွက် ဆေးဖြစ်သည်။ ယင်းဟင်းခတ်အမွှေးအကြိုင်များနှင့် သဘာဝဆေးဖက်ဝင် အပင်များက အင်းဆက်ပိုးမွှားများနှင့် ရောဂါများကို ကာကွယ်ပေးသကဲ့သို့ သင့်ခန္ဓာကိုယ်ကိုလည်း ကာကွယ်မှု ပေးနိုင်သည်။ ဟင်းခတ်အမွှေးအကြိုင်များစားသုံးပေးခြင်းဖြင့် ယင်းတွင်ပါဝင်သော အကျိုးပြုဓာတုပစ္စည်းများက သင့်ခန္ဓာကိုယ်ကို ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးသည်။ အကယ်၍ အသားများစားမည်ဆိုပါက ပဋိဇီဝ၊ ဟိုမုန်း၊ ဆိုဒီယမ်၊ အရောင်ဆိုးဆေး နိုက်ထရိတ်နှင့် ပိုးသတ်ဆေး(သို့မဟုတ်) ရသာမှုန့် ပါဝင်သည့် အသားများမစားပါနှင့်။ […]
READ MORE

28Jul, 2014

အသည်းရောဂါအထူးကုသမားတော်ကြီး ပါမောက္ခ ဒေါက်တာကျော်စိုးထွန်း ရောက်ရှိ

By: | Tags:

ရန်ကုန်မြို့မှ အစာအိမ်အူလမ်းကြောင်း၊ သည်းခြေလမ်းကြောင်းနှင့် အသည်းရောဂါအထူးကုသမားတော်ကြီး ပါမောက္ခ ဒေါက်တာကျော်စိုးထွန်း သည် ယနေ့ မနက် 93း0 အချိန်တွင် ဒက္ခိဏဒီပါဆေးရုံကြီး သို့ရောက်ရှိနေပြီဖြစ်ပါသည်။
READ MORE

28Jul, 2014

အသည်းကျောက်တည်တာမဖြစ်အောင် ကာကွယ်နိုင်ဖို့

By: | Tags:

လူဆယ်ဦးမှာ တစ်ဦးနှုန်း လောက်ဟာ အသည်းမှာကျောက် တည်တဲ့ဝေဒနာခံစားရလေ့ရှိပြီး အဲဒီလိုကျောက်မတည်ဖို့အတွက် အရည်များများသောက်ပေးဖို့လို အပ်ပြီး သန့်စင်တဲ့ရေများများ သောက်ပေးတာကတော့ အကောင်းဆုံးပါပဲ။ ဆင်ဆင်ခြင်ခြင်စားရမှာ တွေကတော့ မြေပဲ၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ ဟေဇယ်စေ့၊ ပဲပိစပ်၊ ကန်စွန်းဥနဲ့ ချောကလက် စတာ တွေဖြစ်ပြီး အသားစားတာကို လည်း ဆင်ခြင်ရပါမယ်။ အသည်း မှာ ကျောက်တည်ပြီဆိုတာနဲ့ ဆရာဝန်က ဆားစားသုံးတာကို ရပ်ခိုင်းပြီး ဆား၊ ထုံးဓာတ်၊ အသား ဓာတ်၊ ပိုတက်ဆီယမ်ကို သတ်မှတ်ပမာဏအတိုင်းပဲစားဖို့ ညွှန်ကြားတော့မှာပါ။ ဒါကြောင့် မို့ အသည်းကျောက်တည်တာတွေ ကို သက်သာပျောက်ကင်းစေနိုင် တဲ့ဖျော်ရည်လုပ်နည်းလေး အကြောင်း ပြောပြချင်ပါတယ်။ အချဉ်ဓာတ်အက်စစ်ကြွယ် ဝတဲ့ သံပရာ၊ သံပရိုသီးတွေက ကျောက်ကြေနိုင်စွမ်းရှိပြီး ဖရဲသီး ကလည်း အသည်းကျောက်တည် တာပျောက်ကင်းဖို့အတွက် အကောင်းဆုံးသီးနှံပါပဲ။ ရေကို နေ့စဉ်သောက်နိုင်သလောက် ဖန် ခွက်ပေါင်းများစွာ သောက်ပေးဖို့ လိုအပ်ပြီး သစ်သီးဖျော်ရည်က တော့ တစ်ခွက်ကနေ နှစ်ခွက် အထိ သောက်ပေးသင့်ပါတယ်။ အသည်းကျောက်ကြေနိုင်တဲ့ဖျော် ရည်ကိုတော့ အခွံနွှာထားတဲ့ လိမ္မော်သီးတစ်လုံး၊ ပန်းသီးတစ် လုံး၊ သံပရာသီးတစ်လုံး၊ ဖရဲသီး လေးစိတ်၊ ရေခဲတုံးလေးတုံးနဲ့ ဖျော်စပ်ရမှာဖြစ်ပါတယ်။ ဖျော်တဲ့ အသီးအနှံတွေကတော့သဘာဝ မြေဩဇာသုံးထားတဲ့အော်ဂဲနစ် သီးနှံတွေဖြစ်ဖို့ပါပဲ။ Credit : 7Day News Journal
READ MORE